ကျောက်ဆည် နိုင်ဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် သန့်ရှင်းသာယာလှပစေရေးအတွက် We Love Kyaukse အဖွဲ့ဝင်များစုပေါင်းပြီး ယနေ့နံနက်(၈)နာရီခွဲက တောင်တက်ကားလမ်းမကြီးတစ်လျှောက် တောင်ခြေမှ စတင်ကာ တောင်ထိပ်ရင်ပြင်ပေါ်အထိ လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များ ကောက်ယူခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စုပေါင်းအမှိုက်များကောက်ခြင်းဖြင့် ရရှိလာသောအမှိုက်များကို စွန့်ပစ်ရမည့် အမှိုက်အမျိုးအစားအလိုက် ခွဲခြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ အမှိုက်စွန့်ပစ်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။
ကျွန်တော်တို့အဖွဲ့က အခုလို မြို့သန့်ရှင်းသာယာရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းများ ပြုလုပ်တဲ့အပြင် မြို့နယ်အတွင်း ဒေသစိမ်းလန်းစိုပြေရေးအတွက် လိုအပ်တဲ့နေရာတွေမှာ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ အပြင် ပျိုးပင်လိုအပ်မှုရှိနေသူများအတွက် မြို့နယ်သစ်တောဦးစီးဌာနနဲ့ဆက်သွယ်ပြီး ဖြည့်ဆည်းပေးတာတွေ ကိုလည်း ဆောင်ရွက်ပေးကြောင်း We Love Kyaukse အဖွဲ့မှ ကိုဖြိုးပြောပြ၍ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)