နမ့်ဆန် နိုဝင်ဘာ ၅
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးစဉ် မဲရုံတွင်အသုံးပြုမည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်များကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံသို့ ယနေ့နံနက်(၁၀)နာရီခန့်က ထုတ်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲလာရောက်ပေးနေစဉ် မဲဆန္ဒရှင်ပြည်သူများအား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် မဲဆန္ဒရှင်ပြည်သူ(၈၀)ရာခိုင်နှုန်းစာ အသုံးပြုရန်အတွက် Mask များ၊ မဲရုံတစ်ရုံချင်းစီအတွက် (PPE) ဝတ်စုံ(၅)စုံစီနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း (၁၁)မျိုးတို့ကို ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံသို့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပစ္စည်းများထုတ်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာတို့ကလည်း လာရောက်ကြည့်ရှု ကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)