ရှမ်းရွာသစ်မြို့ကွီးလေးကျေးရွာအုပ်စု မဲရုံအမှတ်(၁)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ကြိုတင်မဲ (၁၀၀)ဦး လာရောက်ထည့်ပြီးဖြစ်

ရှမ်းရွာသစ်    နိုဝင်ဘာ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စု မဲရုံအမှတ်(၁) ‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့အထိ ကြိုတင်ဆန္ဒမဲပေးလာရောက်ပေးသူ (၁၀၀)ဦးရှိကြောင်း ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ မဲရုံတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၁၇၆၇)ဦးရှိသည့်အနက် အသက် (၆၀ )နှစ်နှင့်အထက် ဒေသနေပြည်သူများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ (၈) ရက်နေ့ တွင် မိမိ အမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားရန်ရှိသော နိုင်ငံ့ဝန် ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ စုစုပေါင်း (၁၀၀)ဦး လာရောက်၍ ကြို တင်ဆန္ဒမဲပေးခဲ့ကြောင်း သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)