ကဝ နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် ဆန္ဒမဲလက်မှတ်များနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ များသို့ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး၌ စတင်ထုတ်ပေးခဲ့သည်။
ထိုသို့ထုတ်ပေးရာတွင် ဆန္ဒမဲလက်မှတ်များ ၊ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် Face Shield ၊ Apron ၊ Hand Spray /Gel ၊ နှာခေါင်းစည်း (Mask) စသည့်ပစ္စည်းများ ကိုရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များအလိုက် ထုတ်ပေးခဲ့ ကြောင်းသိရပြီးကဝမြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက် ၊ ကျေးရွာအုပ်စု(၉၁)အုပ်စု ၊ မံရုံပေါင်း(၁၆၉) ရုံ ရှိပြီးမဲဆန္ဒရှင်(၁၅၆၈၁၃)ဦးရှိကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)