ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

ကွမ်းလုံ နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့နံနက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ မဲရုံသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာအရောက် လိုက်လံ ကောက်ယူလျက်ရှိကြောင်းနှင့် အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများနှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲများ ပေးလျက်ရှိသည်။

ကွမ်းလုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၃၈၁၉၀)ဦးရှိရာ အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲစာရင်း အနေဖြင့် (၄၈၀၃)ဦးနှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများ၏ ကြိုတင်မဲစာရင်းအနေဖြင့် (၁၁၁၂)ဦး စုစုပေါင်း ကြိုတင်ဆန္ဒမဲစာရင်း(၅၉၁၅)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

စိုင်းဇော်ခမ်း(ကွမ်းလုံ)