ဂန့်ဂေါခရိုင် ကျောက်ထုမြို့အတွင်း မဲရုံများကို ခရိုင်အဆင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကျောက်ထု နိုဝင်ဘာ

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ ကြိုတင်ဆောင်ရွက်မှုများကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ခရိုင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းနှင့် ဆောမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကြည်မင်းထွန်း တို့ ပါဝင်သည့်အဖွဲ့သည် ယမန်နေ့ညနေပိုင်းက စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းလိုအပ်ချက်များ ကို ဖြည့်ဆည်း မှာကြားသည်။

ကျောက်ထုမြို့ဒေသတွင် အိမ်တိုင်ရာရောက် ဆန္ဒမဲပေးသူ တစ်ထောင်ကျော်ရှိကြောင်းနှင့် ကျောက်ထုမြို့ ဒေသ အတွင်း မဲရုံ(၄၈)ရုံရှိပြီး မဲဆန္ဒရှင်များ စုစုပေါင်း(၂၉၁၂၁) ဦးရှိကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)