မြိုင် နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန် မဲရုံများ ကြိုတင်ပြင်ဆင်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများရှိ မဲဆန္ဒရှင်ပြည်သူများ လုံခြုံ စိတ်ချ ဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး တို့အတွက် စနစ်တကျဖြင့်မဲရုံများကြိုတင်ပြင်ဆင်ခြင်းကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်မဲရုံတာဝန်ကျ ဆရာ/ဆရာမ များပူးပေါင်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထား ရှိခြင်း ဖြစ်ကြောင်း သိရသည်။
မိုးကြီး (မြိုင်)