စုကလိမြို့တွင် ကျောက်စိမ်းငရုတ်သီးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိ

စုကလိ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွှေအေးမြိုင်ကျေးရွာတွင် စိုက်ပျိုးထားသော ကျောက်စိမ်း ငရုတ်သီးစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

အဆိုပါ ကျောက်စိမ်းငရုတ်သီးများကို စုကလိမြို့စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်ပျိုးနည်းစနစ် ညွှန်ကြားချက်နှင့်အညီ ရွှေအေးမြိုင်ကျေးရွာနေတောင်သူတစ်ဦးမှ စိုက်ပျိုးထားခြင်း ဖြစ်ပြီး ငရုတ်စိုက်ခင်းမှာ ၈ ဧက အကျယ်အဝန်းရှိသည်။

ထိုစိုက်ခင်း ၈ ဧကမှ ကျောက်စိမ်းငရုတ်သီး  ၁ တန်ခန့်ထွက်ရှိပြီး ငရုတ်သီးအခြောက် ၁ ကီလိုလျှင် ထိုင်းငွေ ၂၀၀ ဘတ်၊ အစို ၁ ကီလိုလျှင် ၈၀ ဘတ်နှုန်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)