စဉ့်ကူး နိုဝင်ဘာ ၆
စဉ့်ကူးမြို့နယ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများအား ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ် စည်ပင်သာယာခန်းမ၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ထုတ်ပေးရာတွင် စဉ့်ကူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် PPE cover all, Protective Face Mask, Surgical Glove, Fafety Glasses, Surgical Gown, Boot, Boot cover, Medical Cap, Face Shield အစရှိသည့် ပစ္စည်းများအား မဲရုံ(၁၀၆) ရုံအတွက် စနစ်တကျ ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
ကျော်မျိုးဝေ