ဆီဆိုင်၌ မဲရုံများ ကြိုတင်ပြင်ဆင်ထားမှု ကြည့်ရှုစစ်ဆေး

ဆီဆိုင်  နိုဝင်ဘာ     

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်လင့်တကူ မဲဆန္ဒပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသီဟန်နှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စုရှိ မဲရုံ()ရုံနှင့် နောင်ကျောကျေးရွာအုပ်စုရှိ မဲရုံ()ရုံတို့၌ ကြိုတင်ပြင်ဆင်ထားမှုတို့ကို လှည်လည်ကြည့်ရှု စစ်ဆေးကြသည်။

ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး မဲရုံအတွင်းအပြင် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုခန်းနှင့် သက်ဆိုင်ရာလွှတ်တော်မဲပုံးများ စနစ်တကျခင်းကျင်းထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်များ မဲပေးခြင်းလုပ်ငန်း အဆင့်ဆင့်၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံကိုယ်စားလှယ်များ၊ မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကြည့်ရှုလေ့လာသူများကို နေရာချထားမှုနှင့် မဲဆန္ဒရှင်များ စိတ်ချမ်းမြေ့လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ထားရှိရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)