ညောင်ဦး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မဲရုံများအတွက် မဲရုံသုံးပစ္စည်းများ ထုတ်ပေး ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က စတင်ကာထုတ်ပေးနေကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချိုဦးထံကသိရသည်။
ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ မဲရုံများကို မဲရုံသုံးပစ္စည်းများနှင့် မဲလက်မှတ်များ ထုတ်ပေးရာ တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးချိုဦးနှင့်အဖွဲ့ဝင်၊ အတွင်းရေးမှူးတို့သည် မြို့နယ်အတွင်းရှိ ဆန္ဒမဲရုံပေါင်း ၃၇၆ ရုံအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ မဲလက်မှတ်စာအုပ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ မဲရေတွက်ရန်ခြင်း၊ ဆန္ဒပြုခန်း၊ မဲပေးရန် တံဆိပ်တုံး၊ ချိပ်တံဆိပ်၊ ချိပ်တောင့်၊ အင့်းပက်၊ မင်အိုး၊ ဘော့ပင်၊ ပေတံ၊ ဓား၊ ချုပ်စက်၊ ပင်အပ်၊ မာကာပင်၊ တစ်ရှူး၊ မီးခြစ်၊ ဖယောင်းတိုင်၊ သရေကွင်း၊ တိတ်အကြည်၊ စတစ်ကာ(ရပ်/ကျေး)၊ စတင်ကာ(မဲရုံကိုယ်စားလှယ်)၊ မဲရုံမှူးတံဆိပ်တုံး၊ မဲပုံး ကပ်ရန်စာရွက် ၊တာလီစာရွက်၊ ပုံစံ(၁၁) ဆန္ဒမဲလက်မှတ်များရေတွက်စစ်ဆေးခြင်းမှတ် တမ်း၊ ပုံစံ(၁၁-ခ)ရပ်/ကျေးမှမဲရုံမှူး သို့မဟုတ် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးသည့်စာရင်း၊ ပုံစံ (၁၂) မဲစာရင်းများ ပြင်ဆင်ခြင်းနှင့်စပ်လျင်း၍ ဆောင်ရွက်ချက်အကျဉ်းချုပ်၊ ပုံစံ (၁၄) ကန့်ကွက်မဲစာရင်း၊ ပုံစံ(၁၆) လွှတ်တော် ကိုယ်စားလှယ် လောင်း ရရှိသောဆန္ဒမဲစာရင်း၊ ပုံစံ(၁၇)လွှတ်တော် ကိုယ်စားလယ်လောင်းရရှိသော ပယ်မဲ စာရင်း၊ လုပ်ငန်းလမ်းညွှန် နောက်ဆက်တွဲ(ခ)၊ လုပ်ငန်းလမ်းညွှန်နောက်ဆက်တွဲ(ဂ)နှင့် လုပ်ငန်းလမ်းညွှန်နောက် ဆက်တွဲ(ဃ)စသည့် မဲရုံသုံးပစ္စည်းများကို စနစ်တကျထုတ်ပေး နေကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာမဲရုံစုစုပေါင်း ၃၇၆ ရုံရှိကာ မဲဆန္ဒရှင်စုစုပေါင်း ၂၀၅၉၇၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးချိုဦးထံက သိရသည်။
ကိုထိန်၊ KPD