ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန် အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင် ခြင်းအား အလေးထားလိုက်နာ ဆောင်ရွက်ရန် နေ့စဉ် အသိပညာပေး စစ်ဆေး ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင် ၊ ကွမ်းခြံကုန်းမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက် ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ နေ့စဉ် လူအများ စုဝေးရာ မြို့မဈေး ကြီး နှင့် လူအများ သွားလာရာ ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် အသိပညာပေး နှိုးဆော်ခြင်း စည်းကမ်း လိုက်နာခြင်းမရှိသူ များအား ဒဏ်ငွေ ဆောင် အရေးယူခြင်း များကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီး အတွင်း နှင့် မြို့လယ်အဝိုင်း ၊ဇာတိမာန် ခန်းမရှေ့နှင့် ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။