နတ်တလင်းမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်များ ဆေးစစ် ပြီးသော်လည်း စောင့်ကြည့်နေရာများတွင် ပြန်လည်နေထိုင်ကြရမည်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းသို့ ပြန်လည် ဝင်ရောက် လာသော နေရပ်ပြန်များသည် သတ်မှတ်ထားသည့် Quarantine များသို့ ရောက်ရှိသည့်နေ့မှ (၃)ရက်မြောက် နေ့တွင် Test kit ဖြင့်စစ်ဆေး၍ ရောဂါပိုးတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသခံယူရမည်ဖြစ်ကြောင်း သိရသည်။

မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်ပိုင်းကဈေးများ၊ လူသွားလာမှုများပြားသည့် လမ်းထိပ်များတွင် Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်မြောက်ညှိနှိုင်းဆွေးနွေး 

ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးအောင်ဇေယျာ လွင်၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 

ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သနပ်ပင်မြို့နယ်၌ Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစံကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စေတနာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊

လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် ရေနှင့် ပတ်၀န်းကျင် သန့်ရှင်းရေး ရေရှည်ကျင့်သုံးလာ အောင် အိမ်တိုင်ရာရောက် ဆွေးနွေးပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ သစ်ခေါင်းကျေးရွာတွင် ရေကောင်းရေသန့် ရရှိရေး၊ ပတ်၀န်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှုမြင့်မားရေး ကော်မတီ၀င်များနှင့်အတူ CDN-ZOA အဖွဲ့အစည်းမှ အမူအကျင့် ပြောင်းလဲရေးဆိုင်ရာ နည်းပညာရှင်နှင့် KKBA (ဂယ်ခိုဂယ်ဘား) သာသနာအဖွဲ့မှ ကျေးရွာတာ၀န်ခံ ၀န်ထမ်းတို့ ပူးပေါင်း၍ ကျေးရွာ အတွင်း ယင်လုံအိမ်သာသုံးစွဲမှု အခြေအနေများနှင့် လက်ဆေးခြင်း အမူအကျင့်များ ရေရှည် ကျင့်သုံးလာအောင် အိမ်တိုင်ရာရောက် ဆွေးနွေးမှုများကို ယမန်နေ့နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်‌၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

မြန်အောင်မြို့ နေခြည်ဈေးတွင် ဈေးရောင်း/ဈေးဝယ်များနှင့် လူသွားလာမှုများပြားသည်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက်က Mask Campaign ဆောင်ရွက်ခဲ့‌‌ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ပါးစေရေးအတွက် ရပ်ကွက်များအလိုက် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေမှာ ယနေ့အချိန်အထိ ကူးစက်ခံရသူ (၂၀၀) ဦးရှိပြီး မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးတွင်ဆေးကုသမှုခံယူဆဲ ၅၂ ဦးရှိသည်။ ကျန်းမာရေးကောင်း မွန်စွာ ဆေးရုံမှဆင်းသူ ၁၄၈ ဦး ရှိပြီဖြစ်သည်။

တွန်းဇံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် Community Centre ခန်းမတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် Talk Show ကျင်းပသည်။

လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့်ဆေးရုံးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံနှင့် ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြိုင်ကြီးငူတိုက်နယ်ဆေးရုံနှင့် အာရောဂျဒါန ဆေးရုံတို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိသည်။
Subscribe to