ကျုံပျော်တွင် လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း (အခမဲ့)သင်တန်းဖွင့်လှစ်မည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးဆောင်ကာ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း (အခမဲ့)သင်တန်းကို အဆို ပါရုံးတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

မွေးကင်းစ ကလေးငယ်အပါအဝင် ပိုးတွေ့လူနာသုံးဦး ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ရ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေသော ရှင်လှကျေးရွာမှ ၂၈ ရက်သား ကလေးငယ် အပါအဝင် မိခင်ဖြစ်သူနှင့် အဘွားဖြစ်သူတို့ (၃) ဦးမှာ ရောဂါ သက်သာ ပျောက်ကင်း ပြီဖြစ်၍ ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်မရှိသည့် လူနာတစ်ဦးထပ်တိုး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင်လည်း မရှိသည့် အတည်ပြုလူနာတစ်ဦး ထပ်တိုးကြောင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ အထူးသတိပြုကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ကူစက်ခံရသည့် အတည်ပြုလူနာ (၅) ဦး ကျန်းမာရေး ကောင်းမွန်သော ကြောင့် ဆေးရုံမှ ဆင်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပြည်သူ့ အငှားအိမ်ယာ (အိတ်စွပ်) ရှိ အထူးကြပ်မတ် ဆောင်တွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၅) ဦးတို့သည် ဆေးရုံဆင်းသတ်မှတ် ချက်များအရ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့ နံနက် (၁၀) နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြု လိုက်ပြီဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သောငွေများကို ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၃၅၂)စုထံသို့ ပေးအပ်

ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကိုဗစ်၁၉-ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပေးအပ်သော ထောက်ပံ့ငွေများကို အိမ်ထောင်စု တစ်စုလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၃၅၂)စုထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို Online မှ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စာဖတ်ပရိသတ်များ၊ ကလေးငယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတ ရစေရန်ရည်ရွယ်ပြီး Online မှ အပတ်စဉ် အစီအစဉ်ကောင်းများကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ပုံပြောခြင်း အစီအစဉ်(၂၆)ကြိမ်၊ စာအုပ်မိတ်ဆက်ခြင်း၊ စက္ကူခေါက်ခြင်း၊ ကဗျာ ရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ Talk Show အစရှိသည့် အစီအစဉ်များကို ထုတ်လွှင့်ပေးလျက် ရှိသည်။

သန်လျင်၌ အထောက်အပံ့မဲ့ နွမ်းပါးသက်ကြီးရွယ်အိုများအား အခြေခံစားသောက်ကုန် ဆေးဝါးနှင့် အလှူငွေများ ထောက်ပံ့ကူညီလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် အထောက်အပံ့မဲ့နွမ်းပါး သက်ကြီးရွယ်အိုများအား အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် အလှူငွေများအား ကူညီထောက်ပံ့ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ည​နေ ၅ နာရီက ရပ်ကွက်နှင့် ကျေးရွာများရှိ အထောက်အပံ့မဲ့နွမ်းပါး အဖိုး၊ အဖွားများရှိရာ နေအိမ်များသို့ သွားရောက်ကူညီထောက်ပံ့ပေး လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးညှင်းတွင် အသွားအလာကန့်သတ်ထားရှိသူ အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ရောဂါတွေ့ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းကုန်းကျေးရွာအုပ်စု စာထားကျေးရွာရှိ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင် ထားရှိသည့် အသက်(၂၀)အရွယ်ရှိ အမျိုးသမီး(၁)ဦးထံတွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သဖြင့် နန်းမားတိုက်နယ်ဆေးရုံရှိ သီးသန့်ဆောင်တွင်ထားရှိ၍ ဆေးကုသမှု ပေးလျက်ရှိကြောင်း ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ပြောကြားသည်။

(၃၁)နှစ်​မြောက် က​လေးသူငယ် အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗင်းရှင်းအထိမ်းအမှတ်​ နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကယားပြည်နယ်၊​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင်(၃၁)နှစ်​မြောက် က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံကွန်ဗင်းရှင်း အထိမ်းအမှတ်​နေ့ UN CRC Day အကြိုလှုပ်ရှားမှု အခမ်းအနားကို ယမန်​​နေ့ည​နေပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦး​စီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to