ရှင်ဗွေယန် နိုဝင်ဘာလ ၁၉
ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုများ ဖြစ်ပွါးနေသောကြောင့် ရှင်ဗွေယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးပြည်သူ့စာကြည့်တိုက်အား ယာယီပိတ်ထားစဉ်ကာလအတွင်း စာဖတ်ပရိတ်သတ် များနှင့် ကလေးငယ်များအား အွန်လိုင်းမှတဆင့်အပတ်စဉ် အင်္ဂါနေ့မှ သောကြာနေ့အထိ ထုတ်လွှင့်ပေး လျက်ရှိပါသည်။
အွန်လိုင်းမှတဆင့် အသိပညာပေးရာတွင် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကလေးများအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် Talk Show အသိပညာပေးအစီအစဉ်များအား ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက် Facebook page မှ တဆင့်ထုတ်လွှင့်ပေးနေသကဲ့သို့ ကိုဗစ်- ၁၉ ရောဂါဆိုင်ရာ အသိပညာပေး သတင်းများ၊ ဒေသဆိုင်ရာသတင်းများနှင့် နိုင်ငံတော်၏ထုတ်ပြန်ချက် အစ ရှိသည့် သတင်းအချက်အလက်များကိုလည်း IPRD SHINBWAYYANG Facebook page စာမျက်နှာထက်တွင် နေ့စဉ်ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)