ဟုမ္မလင်းမြို့နယ်၊ ထွက်ဝကျေးရွာတွင် မိုးစပါးစံပြကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ  CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး ဆင်း ဧကရီ-၃ (RS to CS) မျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်(၁၁)နာရီက ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေး ရွာအုပ်စု၊ ထွက်ဝကျေးရွာ တောင်သူဦးမောင်ယော၊ ကွင်းအမှတ် (၃၅)ထွက်ဝကွင်း ဦးပိုင်(၃၂)လယ် တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ထိုသို့ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်/ထောက်ဦးစီးမှူး ဦးယောထန်း ၊ ဒု-လက် /ထောက်ဦးစီးမှူး ဦးအောင်ညွန့်ကြည်၊ ဒေါ်နှင်းသက်ဌေးနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့် စုပေါင်းရိတ်သိမ်းခဲ့ရာ ဆင်းဧကရီ-၃ (RS to CS) တစ်ဧကအထွက်နှုန်း (၉၂) တင်းထွက်ရှိခဲ့ကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)