ရန်ကင်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask)များ ဝေငှပေး

ရန်ကုန်  နိုဝင်ဘာ  ၁၉

ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ယနေ့နံနက် နာရီက ရန်ကင်းမြို့နယ် သစ္စာလမ်းမကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် အမှတ်(၃၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ် အောင်နိုင်နှင့် အဖွဲ့ဝင်များ၊ ရန်ကင်းရဲစခန်းမှ ရဲအုပ်စိုးမိုးခိုင်နှင့် အဖွဲ့ဝင်များက ယာဉ်မောင်းနှင့် ခရီးသွား ပြည်သူ (၂၀၀)ဦးခန့်တို့အား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များနှင့် နှာခေါင်းစည်း(Mask)တို့အား စနစ်တကျပေးဝေခဲ့ပြီး ABF(Ovaltine) ကုမ္ပဏီမှလည်း Oval tine အထုပ်များကို ပြည်သူများအား လိုက်လံ မျှဝေပေးခဲ့ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးထံမှ သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများ၊ ယာဉ်မောင်းနေစဉ် ရှောင်ကျဉ်သင့်သည့်အချက်များ၊ မော်တော်ဆိုင်ကယ် စီးနှင်သူများ လိုက်နာရန် စည်းကမ်းများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်မှုများတွေ့ရှိပါက တိုင်ကြားနိုင်ရန် ဖုန်းနံပါတ် များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် နှစ်အလိုက် ယာဉ်တိုက်မှု နှိုင်းယှဉ်ချက် ဇယားနှင့် လမ်းကူးသူများ လိုက်နာရမည့် အခြေခံစည်းကမ်းချက်များ ပါဝင်ကြောင်း သိရသည်။

လင်းလင်းထွန်း(ရန်ကင်း)