လမိုင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၅) စုအား ပဉ္စမအကြိမ် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်

လမိုင်း နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့မြို့မ(၃)ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ  ပဉ္စမအကြိမ် အဖြစ်ထောက်ပံ့ သည့် အိမ်ထောင်စုတစ်စုလျှင်  ငွေကျပ်(၂၀၀၀ဝိ/-) နှုန်းဖြင့် ထောက်ပံ့ ငွေများကို လမိုင်းမြို့  မြို့မ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦး​​မြင့်ဝေနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေစဉ် ကာလအတွင်း  ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု(၂၇၅)စုအားယနေ့မနက်ပိုင်းကနေအိမ်အရောက်ထောက်ပံ့ငွေများအား ပေးအပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပထမအကြိမ်အဖြစ် စားသောက်ကုန် (၅) မျိုးကို ထောက်ပံ့ပေးအပ် ခဲ့ပြီးယခုထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေသည် ပဉ္စမအကြိမ်အဖြစ် ထောက်ပံ့ ပေးအပ်‌သော ထောက်ပံ့‌ ငွေဖြစ်ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ထံမှသိရသည်။                                              

လမိုင်း (ပြန်/ဆက်)