မိုင်းရှူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊‌ မိုင်းရှူးမြို့နယ်အတွင်းရှိ‌ ဈေးများ၊ လူသွားလာမှု များပြားသည့် လမ်းထိပ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နေ့လည် ၂နာရီအချိန်မှစ၍ Mask Campaignကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုမရှိစေရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ပျံကျစျေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ လှည့်လည် အသိပေးနှိုးဆော်ခြင်းများ ကို ယ နေ့နံနက်(၆)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းစံမြို့ အဝင်/အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်အား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံ​မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/အထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ကာလိ၊ မိုင်းစံ၊မိုင်းရှူး၊သွားလမ်းဆုံတွင်ဖွင့်လှစ်​ထားရှိဆောင်ရွက်နေမှုအပေါ် ယနေ့ နေ့လည် ၁ နာရီခွဲအချိန်က မိုင်းရှူးမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစိုးမင်းထွဋ်၊မြို့နယ်ရဲတပ်ဖွဲ့မှူး​နှင့် တပ်ဖွဲ့ဝင်များသည် မိုင်းစံမြို့ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ခြင်းများဆောင်ရွက်ခဲ့သည်။

မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွာငံဈေးတွင် Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံဈေးတွင် ဈေးရောင်း ဈေးဝယ်များ နှင့်ဈေးလာပြည်သူများအား Mask Campaign ကို ယနေ့ နံနက် (၇) နာရီကအဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

တာချီလိတ်မြို့ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ စည်ပင်သာယာရေးနှင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်၌ တာလော့ရပ်ကွက်ရှိဈေးများတွင်ပြုလုပ်ခဲ့ကြသည်။

ပုံပါကျင်မြို့တွင် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign)ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ၊ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဖား​ဆောင်းမြို့တွင် စာ​ပေချစ်မြတ်နိုးသူများမှ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ဖား​ဆောင်းမြို့၌ Book Club,Women Club နှင့် Young Club အဖွဲ့တို့မှ စာ​ပေချစ်မြတ်နိုးသူများက စာ​ရေးဆရာ’’​ကျော်ဝင်း”​ရေးသားသည့် ‘’၂၁ ရာစု သား​ရွှေဥ”စာအုပ်အား စာဖတ်ဝိုင်း​ဆွေး​နွေးခြင်းကို ယ​နေ့​နေ့လည်(၁၁)နာရီ အချိန်က ပြန်ကြား​ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ဒုတိယအကြိမ် နေ့တွက်စားရိတ်ငွေများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်းတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ၂ဝ၂ဝပြည့်နှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရုံးပိတ်ရက် (၁၅) ရက် အတွက် နေ့တွက်စားရိတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်း ပိုမိုပြည့်စုံမှန်ကန်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Subscribe to