ရေးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးမှုဆောင်ရွက်

ရေး  နိုဝင်ဘာ   ၁၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ် အတွင်း မီးဘေးအန္တရာယ် ကင်ရှင်ရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး စစ်ဆေးမှု ဆောင်ရွက်ခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်ခဲ့ ကြောင်းသိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်၊ သန္ဓေမီးသတ်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ပြည်သူများလိုက်နာဆောင်ရွက်ရမည့် မီးသုံးစွဲမှုများ၊ မီးချိတ် မီးကတ်များ၊ သဲပုံးရေပုံးများ စနစ်တကျထားရှိရန်၊ အသိပေးထုတ်ပြန် ထားသည့် ကြေညာချက် များ လိုက်နာဆောင်ရွက်ကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ပြည်သူများ သိရှိရန် မြို့တွင်းလှည့်လည်နှိုးဆော်ခြင်းနှင့် ရပ်ကွက်/ကျေးရွာများရှိ လူနေအိမ်များ၊ စား‌သောက်ဆိုင်များနှင့် ဈေးများတွင် မီးသုံးစွဲမှုအခြေအနေများကို မီးဘေးလုံခြုံရေးစစ်ဆေး မှုများအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)