မိုင်းဖြတ် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကျေး စာရေး ဝန်ထမ်းများ အား တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မိမိတို့ဝန်ထမ်းများအနေဖြင့် လုပ်ငန်းလိုအပ်ချက် များအရ ရုံးဖွင့်ရက်များတွင်သာမက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌လည်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေရတဲ့အတွက် များစွာလေးစားဂုဏ်ယူပါကြောင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်း အကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ ဒုတိယ ဦးစီးမှူး ဦးအောင်မြတ်စိုး၊ မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်စု၂၄အုပ်စုတွင် တာဝန်ထမ်းဆောင် နေကြသည့် ရပ်ကျေး စာရေး၂၄ဦးအား တစ်ဦးလျှင် ခုနှစ်သောင်းနှစ်ထောင်ကျပ်ကို ဝန်ထမ်းများထံ လက်ဝယ်အရောက် လွှဲပြောင်းထုတ်ပေးခဲ့သည်။
သန်းထွန်းအေး(ပြန်/ဆက်)