တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် လုပ်ငန်း များ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

တာချီလိတ် နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ပထမသုံးလပတ်အတွက် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ တာဝန်ခံအင်ဂျင်နီယာမှ လုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့သွားရောက်ကြည့်ရှုခဲ့သည်။

ပုန်းထွန်ရပ်ကွက် ကျောက်တောင် ရွှေလင်းစတားတည်းခိုခန်းရှေ့လမ်းမတွင် ရေနုတ်မြောင်း ပြုလုပ်ခြင်း၊ မယ်ခေါင်ဝန်ထမ်း အိမ်ရာဝန်းအတွင်း ဂါလံ(၄၀၀၀)ဆံ့ ရေလှောင်ကန်ပြုလုပ်ခြင်းနှင့် မကာဟိုခမ်းရပ်ကွက် ဘုရင့်နောင်ဈေးသွားလမ်း၌ ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းများကို စည်ပင်သာယာ ရေးဌာနမှဆောင်ရွက်လျက်ရှိသည်။


လုပ်ငန်းဆောင်ရွက်နေမှုများ အဆင်ပြေချောမွေ့စေရေး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် တာဝန်ခံ အင်ဂျင်နီယာ ဦးဖြိုးပြည့်ဟိန်းမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)