သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward တွင်ထားရှိသည့် ကိုဗစ်-၁၉လူနာ (၈)ဦးအနက် (၆)ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရ

သရက်ချောင်း နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ lsolation Ward တွင်ထားရှိ သည့် ကိုဗစ်-၁၉လူနာ (၈)ဦးအနက် (၆)ဦး ရောဂါသက်သာပျောက်ကင်း၍ ယနေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူ(၆)ဦးအား မိမိတို့ကျေးရွာရှိ Facility Quarantine Centerတွင် (၇)ရက် အသွားအလာကန့်သတ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း နှင့်ကျန်းမာရေးဆိုင်ရာ ဆက်လက် ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား တိကျစွာလိုက်နာရန် မြို့နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကမှာကြားခဲ့ကြောင်း သိရသည်။

 သရက်ချောင်း(ပြန်/ဆက်)