သုံးခွ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း (မြန်မာပြည်ရုံးခွဲ) ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှ Panda Pack Project စီမံချက် ဖြင့် နွမ်းပါးမူလတန်းကျောင်းသား၊ ကျောင်းသူများအတွက် လှူဒါန်းသော သင်ထောက်ကူ စာရေးကိရိယာပစ္စည်း စုစုပေါင်း(၁၈)မျိုးပါ ကျောပိုးအိတ်များအား ယမန်နေ့ နံနက်ပိုင်းက အ.မ.က(၁၁)ကျောင်း၌ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ လက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် panda pack project စီမံချက်ဖြင့် သုံးခွမြို့နယ်အတွင်းရှိ နွမ်းပါး မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်း ၁၈ မျိုးပါ ကျောပိုးအိတ်ကို လှူဒါန်းခြင်းဖြစ်ရာ အခြေခံပညာကျောင်း စုစုပေါင်း(၁၅၂)ကျောင်းရှိသည့် အနက်မှ ကျောင်းပေါင်း (၉၈)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၇၄၀၇ )ဦးအတွက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ လှူဒါန်းမှုကို မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးဖြိုးဝေလွင် နှင့် အဖွဲ့က သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ နှစ်သုတ်ခွဲ၍ ပေးအပ်ခဲ့ကြောင်း သိရ သည်။
စည်သူလင်း ပြန်/ဆက်