ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ရွှေကူ    နိုဝင်ဘာ ၂၅

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသော ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ ညနေ နာရီခွဲခန့်တွင် RDT (Rapid Antigen Diagnostic Test Kit) ဖြင့် ကိုဗစ်၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး (ကုန်မပါ) ယာဉ်ဖြင့်လိုက်ပါလာသူ ယာဉ်နောက်လိုက် ပြည်ကြီးတံခွန် မြို့နယ် လလရပ်ကွက်၊ အကွက်အမှတ်(၁၁) နေထိုင်သော အမျိုးသားတစ်ဦးထံတွင် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါပိုး တွေ့ရှိသူ ယာဉ်နောက်လိုက်()ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူ လျက်ရှိကြောင်း၊ ၎င်းနှင့်အတူပါလာသည့် ကုန်တင်ယာဉ်မောင်း ()ဦးအား ရွှေကူမြို့ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းရှိ Facility  Quarantine  Centre တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေးပူးပေါင်း စစ်ဆေးရေးဂိတ်၌ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ရွှေကူမြို့နယ် ကျန်းမာရေး ဝန်ထမ်းများက RDT (Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ(၂၄) ရက်နေ့အထိ ကိုဗစ်၁၉ရောဂါ ပိုးတွေ့ရှိသူ စုစုပေါင်း(၁၄)ဦး ရှိပြီဖြစ်ကြောင်း၊ ()ဦးမှာ ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)