ညောင်ဦးမြို့နယ်တွင် နှာခေါင်းစည်း ရာနှုန်းပြည့် တပ်ဆင်သွားလာရေး လှုပ်ရှာမှု နေရာလေးနေရာတွင်ပြုလုပ်

ညောင်ဦး နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း ရာနှုန်းပြည့် တပ်ဆင်သွားလာရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၇ နာရီအချိန်က စတင်ကာ နေရာလေးနေရာတွင်ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လူတိုင်း နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်ကာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂံပလတ် စတစ်ကမ်ပိန်း အဖွဲ့သားများ ပူးပေါင်းကာ ညောင်ဦးမြို့မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန် လွတ်ဈေး၊ ပုဂံမြို့သစ်ဈေးကြီးနှင့် မြင်းကပါဈေးတို့တွင် နှာခေါင်းစည်းများ၊ Face Shield များအား လိုက်လံပေးဝေခြင်း၊ လမ်းသွားလမ်းလာများ ပေးဝေခြင်းများဆောင်ရွက်ကြရာ နှာခေါင်းစည်းအခုရေ (၁၅၀၀၀) ခုနှင့် Face Shield အခုရေ (၁၀၀၀၀) တို့ကို လိုက်လံဝေပေးခဲ့ကြောင်း သိရသည်။

လူတိုင်း နှာခေါင်းစည်း ရာနှုန်းပြည့် တပ်ဆင်သွားလာစေရေး လှုပ်ရှာမှုအဖြစ် ညောင်ဦး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ညောင်ဦး ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းများ၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်မြင့်နှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦးနှင့်ဝန်ထမ်းများ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများက နေရာလေးနေရာခွဲကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး နှာခေါင်းစည်းနှင့် Face Shield များ လိုက်လံပေးဝေခဲ့ကြောင်း ညောင်ဦးခရိုင် ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေစင်ထိုက်က ပြောကြာခဲ့သည်။

ကိုထိန်၊KPD