ကျီခါးမြို့၌ Facility Quarantine Center ဆောက်လုပ်ရန်အတွက် မြေနေရာပြုပြင်ခြင်း လုပ်ငန်း စတင်ဆောင်ရွက်

ကျီခါး နို၀င်ဘာ ၂၅

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်၏ စီစဉ်မှုဖြင့် လူအယောက်(၂၀)ဆန့် Facility Quarantine Center ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါနေရာအတွက် မြေနေရာပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက် နေပြီးဖြစ်ကြောင်း ကျီခါးမြို့ ကိုဗစ်ကော်မတီအဖွဲ့မှ သိရသည်။

ကျီခါးမြို့တွင် အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်များအား မြန်မာ-အိန္ဒိယနယ်စပ် ခင်းမန်းဂိတ် မှတစ်ဆင့် စနစ်တကျ လက်ခံ၍ ကျီခါးမြို့ မိုးလံလေလုံ အားကစားခန်းမ၌  အသွားအလာ ကန့်သတ်ထားပြီး ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက် ထားလျက်ရှိရာ  အဆိုပါနေရပ်ပြန်များ ထားရှိမည့် Quarantine Center နေရာ အခက်အခဲမရှိ အဆင်ပြေ‌ စေရန်အတွက် ပြည်နယ်လူမှုရေး ၀န်ကြီး၏ စီစဉ်ပေးမှုဖြင့် ကျီခါးမြို့တိုက်နယ် ဆေးရုံအနီး၌ လူအယောက် (၂၀)ဆန့် အတိုင်းအတာ (၁၂၀××၈)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းတစ်ထပ် အဆောက်အဦ ဆောက်လုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင် မြေနေရာပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးသွားပါက နေရပ်ပြန်များထားရှိ ဆောင်ရွက်ရေး  ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းလိန်းမာန်(ပြန်/ဆက်)