လပွတ္တာ​မြိုအတွင်းရှိ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လပွတ္တာ နိုဝင်ဘာ ၂၅

ဧရာဝတီဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့​ပေါ်ရှိ ရောင်းချနေသည့် မုန့်မျိုးစုံဆိုင်နှင့် ကုန်စုံဆိုင်များတွင် စားသုံးရန် မသင့်သော စားသောက်ကုန်များနှင့် ၂ဝ၁၉ခုနှစ် မတ်လကပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ ကုန်ပစ္စည်းများ၌ နိုင်ငံ​ခြားဘာသာ​​ဖြင့် ဖော်ပြထား​သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက လပွတ္တာ​မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ဝင်းကျော်မြင့် ၊ လပွတ္တာခရိုင် (ပြန်/ဆက်)