ကျုံပျော်မြို့၌ ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ခွေးရူးရောဂါဖြစ်ပွားမှုကြောင့် ပြည်သူတို့၏ အသက်အန္တရာယ်ဆုံးရှုံးမှုမဖြစ်‌ပေါ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို‌ ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျုံပျော်မြို့နယ် ဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက်၊ သုဇနကာရီသီလရှင်စာသင်တိုက်အတွင်း တည်ထောင်ထားသည့် ကျုံပျော်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့‌ပေးအပ်သည့် လှူဒါန်းငွေများအား တာဝန်ရှိသူများက သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် အရည်အသွေးကောင်းမွန်သော စားသုံးဆီများထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ပြည်တွင်းဆီစက်များအဆင့်မြင့်တင်ခြင်းနှင့် ခေတ်မီ ဆီစက်များ အသစ်တည်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ကချင်ပြည်နယ် မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း)ရက်ကွက်ရှိ မြတ်သုခ ဆီစက်လုပ်ငန်းမှ ချေးငွေရယူထားလျက်ရှိပြီး ဆီစက်လုပ်ငန်းအမှန်တကယ် လုပ်ငန်းလည်ပတ် ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ယနေ့နံနက်(၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမော်လမြိုင်မြို့လေဆိပ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေး

မွန်ပြည်နယ်၏ မြို့တော်မော်လမြိုင်မြို့၌ သန့်ရှင်း၍စိမ်းလန်းစိုပြေကာ သာယာလှပပြီး မြို့၏အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်၊ မြိုင်သာယာရပ်ကွက် မော်လမြိုင်လေဆိပ်တွင် လေယာဥ်ကွင်းပြေးလမ်းလမ်းဘေးဝဲ/ယာ တစ်လျှောက် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာပေးဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့်အတူ အောက်တိုဘာလ ၃ ရက်က နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည်။

တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က စော်ဘွားအင်းရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုများနှင့် ငလျင်ဘေးပြန်လည်ပြုပြင်‌ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့သွားရောက်ပြီး ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ အခြေခံ မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှု၊ ဒေသခံပြည်သူများမှ မဲစာရင်းများ လာရောက်ကြည့်ရှုရာတွင် လွယ်ကူအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးနေမှု၊ မဲစာရင်းလာရောက် ကြည့်ရှုရာတွင် မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း တောင်းဆိုနိုင်ရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများတွေ့ရှိပါက ပုံစံ(၄) ဖြင့် ကန့်ကွက်နိုင်ရေး၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါကပုံစံ(၄-၈)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ရေးတို့အတွက် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲရုံးများမှလိုအပ်သောပုံစံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

မက်မန်းမြို့တွင် MCCT အာဟာရ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှကြီးကျင်းပသည့် MCCT အဟာရ  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(နတ်မော်)၌ ယမန်နေ့နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသော အသက် (၁၈)နှစ်နှင့်အထက် ယာယီနေရပ်စွန့်ခွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း အောင်ပန်းမြို့၌ ယမန်နေ့နံနက် ၉ နာရီက စက်မှုလက်မှုပညာ သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Subscribe to