မော်လမြိုင် အောက်တိုဘာ ၄
ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့်အတူ အောက်တိုဘာလ ၃ ရက်က နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည်။
အခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲတွင် မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးဂျွန်စိန်ဂီက ရွှေဆိုင်လုပ်ငန်းရှင်များအား “ရွှေစင်၊ ရွှေတုံးများ(စံချိန်မီရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည်လက်ဝတ်ရတနာများရောင်းရငွေအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ အခွန်ပညာပေးရှင်းလင်းပွဲသို့ ရွှေဆိုင်လုပ်ငန်းရှင်များ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)