မက်မန်းမြို့တွင် MCCT အာဟာရ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

မက်မန်း အောက်တိုဘာ ၄

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှကြီးကျင်းပသည့် MCCT အဟာရ  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာ စကား ပြောကြားပြီး၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သီတာချမ်းအေးက အာဟာရငါးမျိုး အကြောင်းဟောပြောခြင်း၊ သားဖွားဆရာမ ဒေါ်မီးခါလားက ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ ဆောင်ရန်ရှောင်ရန်အချက်များကို ဟောပြောခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းယုဝေက မွေးဖွားပြီးစမိခင်လိုက်နာရမည့်အချက်များနှင့် ပတ်သက်၍ ဟောပြောခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်စုသဲဖြူက ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ်တွင် အကြိုးခံစားခွင့်ရှိသူအဖြစ် လျောက်ထားလိုပါက လိုအပ်သည့်အထောက်အထားများ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့်အသက်(၂)နှစ်အောက်ကလေးငယ်များကို အာဟာရပစ္စည်းဖြစ်သည့် ကြက်ဥများကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

အေဇက်ထွန်း