ပြင်ဦးလွင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ကွင်းဆင်းကြီးကြပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မဲစာရင်းများ ကွင်းဆင်းကြီးကြပ်ရေး အဖွဲ့(၂)မှ ဝက်ချောင်းတိုက်နယ်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ပထမအကြိမ် မဲစာရင်းများကပ်ထားကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို ပထမအကြိမ်အဖြစ် စက်တင်ဘာလ ၃၀ ရက် နံနက်မှ စတင်ကပ်ထား ကြေညာပေးလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်အသင်း(ရန်ကုန်)မှ ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် အောက်တိုဘာ(၄)ရက် နံနက် (၁၀)နာရီက ကျောက်ဆည်အသင်း(ရန်ကုန်)မှ ၂၀၂၄-၂၀၂၅ ခု ပညာသင်နှစ် ကျောက်ဆည်ခရိုင်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော ကျောင်သား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ လွှတ်‌တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ စတင်ကြေညာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေညာထားရှိမှုများအား ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမဲရုံများတွင် မဲစာရင်းလာရောက် ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။

မိုင်းရယ်မြို့နယ် မဲဆန္ဒရှင်စာရင်းများကြေညာမှုအား ကျေးရွာများထိကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မဲဆန္ဒနယ်မှ ၂၀၂၅ ခုနှစ် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲကြီး၏ လွှတ်တော်အသီးသီးတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကြေငြာထားရှိမှုများအား ယနေ့နံနက်(၉)နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဉက္ကဋ္ဌ ဦးစိုးမင်း‌အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျေးရွာမဲရုံများတွင် မဲစာရင်းလာရောက် ကြည့်ရှုမှုများအား လိုက်လံကြည့်ရှုပါသည်။

မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအကြောင်းပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ဆန္ဒမဲ‌ပေးစက် MEVM အသုံးပြုမှုသရုပ်ပြပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေအကြောင်း ပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ဆန္ဒ‌မဲပေးစက် MEVM အသုံးပြုမှု သရုပ်ပြပွဲ အခမ်းအနားကို ယ‌နေ့နံနက်(၉)နာရီအချိန်က ဘူတာရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းမှ ယာယီခိုလှုံနေထိုင်လျက်ရှိသော မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ အံတော်ရှင် တောင်တန်း သာသနာ ပြု(ဗဟို) ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်၊ တပ်ဆင်ထားမှုကြည့်ရှု၊ မြို့သန့်ရှင်းသာယာရေး အတွက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကစစ်တွေမြို့ပေါ်ရှိဘုရားစေတီများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့် ဆေးရုံများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပူဇော်၊ တတ်ဆင် ထားရှိမှုကို လှည့်လည်ကြည့်ရှုပြီး မြို့သန့်ရှင်းသာယာရေးတွက် ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာခြင်းခတ်ကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေး ခြင်းလုံးအလှခတ်ပွဲကျင်းပ

မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်စေရေးရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ် ရှင်မြတ်စွာဘုရားကြီးဝန်းအတွင်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်အထိမ်းအမှတ်အဖြစ် ခြင်းလုံးအလှခတ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to