အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း၌ စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲကျင်းပ

ကလော အောက်တိုဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း အောင်ပန်းမြို့၌ ယမန်နေ့နံနက် ၉ နာရီက စက်မှုလက်မှုပညာ သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်က စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၅) သင်တန်း ဖွင့်လှစ်ခဲ့မှု မှတ်တမ်းအား power point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် စက်မှုလက်မှုပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းတွင်ထူးချွန်ဆုရ သင်တန်းသား၊ သင်တန်းသူများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းဆင်း‌ အောင်လက်မှတ် များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကျောင်း၌ စက်မှုလက်မှုအခြေခံသင်တန်းအတွင် လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းတို့ကို သင်တန်းသား(၃၀)ဦးဖြင့် လည်းကောင်း၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် အစားအစာနှင့် အဖျော်ယမကာသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်းတို့ကို သင်တန်းသူ (၂၀) ဦးတို့ဖြင့် သင်တန်းကာလ ၂၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားခဲ့ကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ် ဦးမင်းဗညားချမ်းတိန်ထံမှ သိရှိရသည်။

ကျော်ဝင်း(ကလော)