ဟုမ္မလင်းမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ငွေနှင့်အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုး ပေးအပ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှ (၂၂-၉-၂၀၂၅ ရက်မှ ၂၉-၉-၂၀၂၅ )ရက်ထိ ရောက်ရှိလာသော ယာယီ‌နေရပ်စွန့်ခွာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အ‌ခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး ထောက်ပံ့ပေးခြင်းကို၊ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွာငံမြို့နယ်၌ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ကောလိပ်များသို့တက်ရောက်နိုင်မည့် ဝင်ခွင့်စာမေးပွဲဖြေဆို

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်နှင့်စစ်ကိုင်း)ပထမနှစ်ဝိဇ္ဇာ၊သိပ္ပံနှင့်အေဂျီတီအိုင်သင်တန်းများ၊၂၀၂၅-၂၀၂၆ပညာသင်နှစ် ပြည်‌ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်တွင်ပညာသင်ကြားရန်အတွက် လူတွေ့ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆုတောင်းပြည့်စေတီတော်နှင့် အောင်ချမ်းသာဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံ အဆင့်ဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူခြင်း အခမ်းအနားတက်ရောက်

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီ ဘုရားပရဝုဏ်အတွင်းရှိ သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်း ပြည့်စေတီတော်နှင့် အောင်ချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့် ဆင့်နှင့် စိန်ဖူးတော်တင်လှူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် ၂ဝ၂၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးအဖြစ် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ပွဲ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပွဲ၊ ဆွမ်းလုံးတော်ကြီးတင်လှူပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးလယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်သည့်နေရာများ ရေပြန်လည်ကျဆင်းသွားမှု ကွင်းဆင်းကြည့်ရှု၍ မြို့နယ်အတွင်း ဆောင်းသီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့များနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် အောက်တိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ၊ တံတားချဉ်းကပ်လမ်း ပျက်စီးမှုများအား ဒေသခံများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြင်ဆင် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။

ပြည်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းပညာဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိ‌စေရေးအတွက် နည်းပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက (ဇီးအုပ်) တောင်သူပညာပေး ရှေ့တန်းစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား စက်တင်ဘာ ၃၀ ရက်မှစ၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာကြောင်း သိရသည်။

ဂန့်ဂေါမြို့တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ ရတနတ္တယပူဇော်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့၊ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ၏ သက်တော်(၇၈)နှစ်ပြည့် ရတနတ္တယပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် လယ်ဝေးမြို့နယ်၌၂ဝ၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှုအားပေးသည်။
Subscribe to