ကျုံပျော်မြို့နယ် ဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ကျုံပျော်  အောက်တိုဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အောင်ဆန်းရပ်ကွက်၊ သုဇနကာရီသီလရှင်စာသင်တိုက်အတွင်း တည်ထောင်ထားသည့် ကျုံပျော်ဘိုးဘွားရိပ်သာမှ ဘိုးဘွားများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့‌ပေးအပ်သည့် လှူဒါန်းငွေများအား တာဝန်ရှိသူများက  သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

 ထိုသို့ ပေးအပ်လှူဒါန်းရာတွင်  ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့လှူဒါန်းငွေ (၅၀၀၀၀၀) ကျပ်ကို သုဇနကာရီပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာကြီး ဒေါ်ကုသလဉာဏီထံသို့လည်ကောင်း၊  အဘိုး၊ အဘွား ၃၂ ဦးအတွက် တစ်ဦးလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေ (၆၄၀၀၀၀) ကျပ်အား အဘိုးအဘွားများထံသို့လည်ကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းပွဲပြုလုပ်ရာသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဆွေဆွေ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)