သာသနာ့ဝန်ဆောင် သံဃာတော်များနှင့် သီလရှင်ကျောင်းများတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များအား မြန်မာနိုင်ငံလုံးဆိုင်ရာကိုဗစ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးကော်မတီ အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့မှ လှူဒါန်းမည်
ရန်ကုန်တိုင်းဒေသကြီး အတွင်း အောက်ဆီဂျင်လိုအပ်လျက်ရှိသော သာသနာ့ဝန်ဆောင် သံဃာတော်များနှင့် သီလရှင် ကျောင်းများကို ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးကော်မတီ အောက်ဆီဂျင်ထောက်ပံ့ရေးအဖွဲ့မှ လိုအပ်သည့်အောက်ဆီဂျင်များကို ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။