ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး PPE ဝတ်စုံများလှူဒါန်း
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ်လုပ်ငန်းများတွင်တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်းသိရသည်။