ဗိုလ်တထောင်မြို့နယ် The Love Boat ဆိုင်၌ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေပေး

ရန်ကုန်  ဇူလိုင်  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တထောင်ဆိပ်ကမ်းရှိ ကမ်းနားဥပစာလမ်း၊ အမှတ်(၅)ဗောတံတားတွင် ဆိုက်ကပ်ဖွင့်လှစ် ထားသော The Love Boat ဆိုင်၌ အောက်ဆီဂျင်ဓာတ်ငွေ့အား ဆိုင်ပိုင်ရှင်မှ" ဧရာစံ" အောက်ဆီဂျင်စက်ရုံနှင့် ဓာတ်ငွေ့မျိုးစုံဖြန့်ဖြူးရောင်းချရေးမှ အောက်ဆီဂျင် ဓာတ်ငွေ့ မှာယူပြီး ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၂ နာရီအချိန်အထိ အောက်ဆီဂျင် အမှန်တကယ် လိုအပ်သူ ( ၄၉ )ဦးအား ဦးစားပေးအလိုက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ထို့သို့ အခမဲ့ဖြန့်ဝေပေးရာတွင် အောက်ဆီဂျင် ၃၀ မှ ၅၀ ကြား ကျဆင်းလျက်ရှိသည့် အောက်ဆီဂျင်လိုအပ်သူများအား ပထမဦးစားပေးအဖြစ်လည်းကောင်း၊ အောက်ဆီဂျင် ၅၀ မှ ၇၀ ကြား ကျဆင်း လျက်ရှိသည့် အောက်ဆီဂျင်လိုအပ်သူများအား ဒုတိယဦးစားပေး အဖြစ် လည်းကောင်း၊ အောက်ဆီဂျင် ၇၀ မှ ၉၀ ကြား ကျဆင်းလျက်ရှိသည့် အောက်ဆီဂျင် လိုအပ်သူများအား တတိယဦး စားပေး အဖြစ်လည်းကောင်း လူနာရှင်ကိုယ်စားလှယ်များအား တန်းစီစေပြီး၊ အောက်ဆီဂျင်လိုအပ်မှုအ ခြေအနေအားသိရှိရန် လူနာ၏မိသားစုများထံ Video Call ခေါ်ဆို၍ အောက်ဆီဂျင်ကျဆင်းမှုအား အောက်ဆီမီတာတိုင်းတာပြသ၍ လည်းကောင်း၊ Video ရိုက်ထားမှုကိုပြသ၍လည်းကောင်း၊ လူနာအခြေအနေအပေါ်မူတည်၍ လီတာ (၁၀)ဆံ့ အောက်ဆီဂျင်အိုး(၃၇)အိုး၊ လီတာ (၁၅ )ဆံ့ အောက်ဆီဂျင်အိုး(၇ )အိုး နှင့် လီတာ(၂၀)ဆံ့ အောက်ဆီဂျင်အိုး(၅)အိုး၊ စုစုပေါင်း အောက်စီဂျင်အိုး (၄၉)အိုး တို့အားအခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)