ရန်ကုန် ဇူလိုင် ၂၉
သို့ဖြန့်ဝေရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်အတွက် အောက်ဆီဂျင်လီတာ ၄၀ အိုး ၅ အိုးရရှိခဲ့ရာ ၁၀ လီတာအိုး၊ ၁၅လီတာအိုးသေးများအတွင်းသို့ သွင်း၍ တန်းစီဇယားအတိုင်း ရပ်ကွက် အတွင်း နေထိုင်သူများ အမှန်တကယ်လိုအပ်သော ကိုဗစ်-၁၉ ရောဂါဝေဒနာရှင်များအတွက် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံချက်နှင့်အတူ အောက်ဆီဂျင်ထုတ်ယူရာတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းများ၊ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် အမှန်တကယ် အရေးပေါ်လူနာအခြေအနေဖြစ်ပေါ်နေပြီး အောက်ဆီဂျင်ထုတ်ယူရန် သက်ဆိုင်ရာ စာရွက်စ ာတမ်းယူဆောင်ရန် အခက်အခဲဖြစ်ပေါ်နေပါက ဖြေလျှော့စိစစ်ပြီး အောက်ဆီဂျင်ထုတ်ဝေပေးမည်ဖြစ်ကြောင်း ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)