မော်လမြိုင်မြို့၌ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံ​ပေး


မော်လမြိုင်     ဇူလိုင်    ၂၉ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးမှုကိုမြို့နယ် အတွင်း  ကျောင်း တိုက်များမှ   သံဃာတော်များ၊   သီလရှင်များအား  ယနေ့နံနက်၉နာရီမှစတင်ကာ ပြည်နယ်ခန်းမတွင် စုရပ်အဖြစ်သတ်မှတ်၍ ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 

ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ    ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊   ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များက   ပူးပေါင်းဆောင်ရွက်ပေးပြီး မော်လမြိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်ဆေးကို   ပြည်နယ်ခန်းမ၊   --က()   မော်လမြိုင်  --က()လှိုင်၊ --က(၁၂)မြိုင်သာယာနှင့် --က(ညောင်ပင်ဆိပ်စက်မှုဇုံ) တို့၌ စုရပ်() နေရာခွဲကာ သတ်မှတ်ရက်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေး အလုံး​ရေ ကိုးသောင်း​ကျော် ထိုးနှံ​ပေးသွား မည်ဖြစ်ကာ ဆက်လက်၍ Standard Operartion Procedure(SOP)  (၁၂) ချက်အညီသက်ဆိုင်ရာ

မြို့နယ်များအလိုက် ကိုဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံနိုင်​ရေး လူဦးရေစာရင်းများ ကောက်ယူပြီး  ကျန်းမာ​ရေးဝန်ထမ်းများ၊  ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ​ စေတနာ့  ဝန်ထမ်းများက ကာကွယ်​ဆေးထိုးနှံနိုင်​ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။