ဖာပွန် ဇူလိုင်၂၉
ကရင်ပြ ည်နယ် ၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရောဂါကူးစက်မှုလျော့နည်းစေရေးအတွက် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးနှင့် ဝန်ထမ်းများ၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ခင်ထွေးရီနှင့် တာဝန်ရှိသူများက ဖာပွန်မြို့၊ အမှတ်(၃)ရပ်ကွက်သို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း mask ကို စနစ်တကျ တပ်ဆင်ရန်နှင့် mask မတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊ လက်မဆေးဘဲပါးစပ် ၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်းမပြုလုပ်ရန်၊လေ၀င်လေထွက်ကောင်းသော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှ ပြန်လာတိုင်း mask များကို စနစ်တကျစွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ ကိုဗစ်၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊နှလုံး ၊ သွေးတိုးရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုသည်ဟု တိုက်တွန်းနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဖာပွန်မြို့တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၆၉)ဦး ၊ဆေးရုံ ဆင်းသူ(၄၁)ဦး၊ ဆေးရုံတက်ရောက်ကုသဆဲလူနာ(၂၆)ဦး ၊ သေဆုံးလူနာ(၁)ဦးနှင့် ဘားအံခရိုင်ပြည်သူ့ ဆေးရုံကြီးသို့လွှဲပြောင်းသူ(၁)ရှိပြီးဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ