တောင်ကြီး ဇူလိုင် ၃၀
ကိုဗစ်-၁၉ရောဂါပိုးများသည် ယခုအချိန်တွင် တတိယလှိုင်းအဖြစ်နိုင်ငံအနှံ့ ကူးစက်ဖြစ်ပွားလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးများ ကူးစက်ပျံနှံ့မှုလျော့ကျရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ဆေးများသည် ဇူလိုင်(၂၉)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် အလုံး(၂၆၄၀၀)လုံးကိုရန်ကုန်မြို့မှ တပ်မတော်လေယာဉ်ဖြင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိလာပြီး ဟဲဟိုးလေဆိပ်မှမော်တော်ယာဉ်ဖြင့် တောင်ကြီးမြို့သို့သယ်ဆောင်လာကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို (၆၅)နှစ်အထက်အဘိုး၊အဘွားများကိုစတင်၍ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးခန်းမ ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဘိုးဘွားရိပ်သာနှင့် အ.ထ.က ကျောင်း ၊ ကလော မြို့နယ်တို့တွင် မြို့နယ်ခန်းမတို့၌ နံနက်(၈)နာရီမှညနေ(၄)နာရီအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)