ဆီဆိုင် ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က မြကန်သာရပ်ကွက်အတွင်းရှိ ဆီဆိုင်မြို့နယ်ခန်းမ၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြ ကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူ ဓမ္မာရုံတို့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အသက် ၆၅ နှစ်အထက်ဘိုးဘွားများအား ဦးစားပေးအစီအစဉ်အရ ထိုးနှံပေးခဲ့ရာ ဆီဆိုင်မြို့နယ်ခန်းမတွင်(၃၆)ဦး၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်တွင်(၁၁၈)ဦး၊ ဘန်းယဉ် ကျေးရွာအုပ်စု၊ ဘန်းယဉ် ကျေးရွာရှိ ဘုရားကိုးဆူ ဓမ္မာရုံတွင်(၁၇၆)ဦး၊ စုစုပေါင်း(၃၃၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင် ခဲ့ပြီး အဆိုပါဆေးထိုးလုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်နေမှုကို မြို့နယ်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်နှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ကျဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်စီစစ်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၇၇၈)ဦးရှိပြီဖြစ်ကြောင်း သိရသည်။