ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိုးတင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံ​​တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် အနံ့ပျောက်နေသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူ (၁၄)ဦးတို့အား ယနေ့ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်(၁၁)ဦး ထပ်မံတွေ့ရှိခဲ့သည်။

နမ့်စန်တွင် ပရိယတ္တိစာသင်တိုက်များအတွက် ဆွမ်းဆန်အိတ်များ သွားရောက်ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် နမ့်စန်တပ်နယ်မှူးနှင့် မြို့နယ်မှတာဝန်ရှိသူများက ပရိယတ္တိစာသင်တိုက်များသို့ သွားရောက်၍ ရဟန်းသံဃာနှင့် သီလရှင်များအတွက် ဆွမ်းဆန် အိတ်များကို ယမန်နေ့ နေ့လယ် ၁ နာရီက သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် အကျဉ်း‌ထောင်ရှိ အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေး စတင်ထိုးနှံလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ နယ်အကျဉ်းထောင်ရှိ အချုပ်သား/သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယမန်နေ့ နေလယ်(၂)နာရီ အချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန အဆောင်(၁)ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

မြဝတီမြို့၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ် ၇ နေရာတွင် ထိုးနှံခွင့်ရရှိသည့် ဦးစားပေး အုပ်စုများအား စတင်ထိုးနှံပေး

နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကို အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီ မြို့နယ်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု များအား စုရပ် ၇ နေရာတွင် ယနေ့ စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတ(Volunteer)၊ သာသနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Vero Cell) ပထမအကြိမ် ထိုးနှံပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ချောင်းဆုံမြို့နယ် မြေပြိုဘေးသင့် ပြည်သူများအားစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေကြည့်ရှု

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ချောင်းဆုံမြိုနယ်မြေ ပြို၍ သဘာဝဘေးသင့်ပြည်သူများအား မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှလှူဒါန်း ပေး သည့် လှူဒါန်းငွေကျပ် သိန်း ၁၁၀အား သွားရောက်ထောက်ပံ့ပေးသည်။

ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအားကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharn) စတင်ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက် နှင့် အမှတ်(၃)ရပ်ကွက် တို့အား တစ်ပြိုင်တည်း စတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန် ပြည်သူ(၂၂၁)ဦး အား နွေးထွေးစွာ လက်ခံကြိုဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၂၁)ဦးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာ လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ​ပေး

စစ်ကိုင်းတိုင်း​ဒေသကြီ၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉​ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် စတင်ထိုးနှံ​ပေးကြောင်း သိရသည်။
Subscribe to