အောင်လံ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား အောင်လံမြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ(၁)ရက်နေ့ မွန်းလွဲပိုင်းက စတင်ထိုးနှံပေးခဲ့ရာ ပဉ္စမမြောက်နေ့ ယနေ့နံနက်(၈)နာရီက ဝန်ထမ်း၊ ဝန်ထမ်းမိသားစုများနှင့် ကျေးရွာအုပ်စု(၈)အုပ်စုမှ ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေး အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့်ထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်လျှင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ရာ အောင်လံမြို့နယ်အတွင်းရှိပြည်သူအားလုံး ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးစုရပ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ(မြို့ပေါ်နေပြည်သူ)၊ အ.ထ.က(၁) ရွှေရတုခန်းမ (မြို့ပေါ်နေပြည်သူ)၊ သမ္ဘူလတိုက်နယ်စုရပ်၊ ရွှေပန်းတောတိုက်နယ်အုပ်စု၊ ကျောက်ပန်းတောင်းအုပ်စု၊ ပြလို့တိုက်နယ် အုပ်စု၊ ညောင်ပင်ဆိပ်တိုက်နယ်အုပ်စု၊ စခန်းကြီးစုရပ်နှင့် ရေနံကြီး တိုက်နယ်စုရပ် စုစုပေါင်း (၉)နေရာနှင့် Mobile Teanဖြင့် (၁)ရက်လျှင် (၂)နေရာ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)