စလင်း ဩဂုတ်၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သီလရှင်ဆရာလေးများနှင့် အသက် ၆၅ နှစ်နှင့်အထက်များ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့်သူများကို ဩဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီမှ ၉နာရီအချိန်ထိ စလင်းမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမဆောင်၌ ကာကွယ်ဆေးထိုးနှံ ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
စလင်းမြို့နယ်အတွင်းရှိ သံဃာတော်ဆရာတော် (၅၃) ပါး၊ သီလရှင်ဆရာလေး(၂၄) ပါးနှင့် အသက် ၆၅ နှစ်နှင့်အထက် ပညာရေးဝန်ထမ်းများ၊ ပရဟိတဆောင်ရွက်နေသူ (၂၃)ဦး တို့အား မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး စလင်းမြို့နယ်အတွက် ကာကွယ်ဆေး အလုံးရေ (၂၀၅၀)လုံး၊ လူဦးရေ(၄၁၀၀)အတွက် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက် နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၂၂၈၆) ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ သိရှိရသည်။
မောင်လွင်