မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်

မာန်အောင် သြဂုတ် ၅ ရခိုင်ပြည်နယ်၊ မာန်အောင်နယ်တွင်ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကယနေ့နံနက်၈နာရီက မြို့အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူး စက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး တို့အတွက် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့လုံးဝ မထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း(mask)များ တပ်ဆင်ပြီးမှ သွားလာကြရန်၊ မိမိတို့၏ လက်များအား စနစ်တကျ မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရပ်ကွက်အလိုက် သတ်မှတ်ရက်များတွင် ကိုဗစ်ကာကွယ် ဆေးထိုးရန် သတ်မှတ်နေရာများသို့ သွားရောက်ထိုးနှံကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။