မုဒုံ ဩဂုတ် ၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုလျှော့ချနိုင်ရေးနှင့် ကိုဗစ် ကာကွယ်ဆေးထိုးနှံရေးအတွက် ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အသိပညာပေး ခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နေရာများတို့၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ မုဒုံမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် နေအိမ် ပြင်ပထွက်ခွါပါက နှာခေါင်းစည်း(mask)များစနစ်တကျတပ်ဆင်စေခြင်း၊ ပြည်သသူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ နေထိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကိုလည်း သတ်မှတ်ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံရမည့်ပြည်သူများအနေဖြင့် ဆေးထိုးရန် သတ်မှတ်ထားသည့် နေရာများ၌ အခမဲ့လာရောက် ထိုးနှံနိုင်ကြောင်းတို့ကို နှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံမှု လျှော့ချနိုင်ရေး အသိပညာပေးရာတွင် ပြည်သူများ အနေဖြင့် မလိုအပ်ပါက နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ ခွာ၍ လူစုလူဝေးများရှောင်ရှားကြရန်၊ မကြာခဏလက်ကို ဆပ်ပြာနှင့်စနစ် စနစ်တကျဆေးကြောရန်၊ ရောဂါပိုးကူစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်များအားပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိ ပညာပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)