မအူပင်မြို့ စေတနာ့ဝန်ထမ်းများအား စေတနာ့ဝန်ထမ်းသင်တန်းပို့ချ

မအူပင် သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့စေတနာဝန်ထမ်းများအား စေတနာ့ဝန်ထမ်းသင် တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက မအူပင်မြို့အထွေထွေအုပ်ချုပ် ရေး အစည်းအဝေးခန်း မ၌ သင်တန်းပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ ဦးတိုးတိုးဝင်းက သင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်စကား ပြောကြားခဲ့ပြီးသင်တန်းဆက်လက်ပို့ချရာ ကျန်းမာရေးဦးစီးဌာနမှ သင်တန်းသားများအား PPE ဝတ်စုံအား စနစ်တကျဝတ်နည်းနှင့် ချွတ်နည်းအားအသိပညာ ပေးပြောကြားပြီး လက်တွေ့ပို့ချပေးခဲ့သည်။ ဆက်လက်၍ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက် ထောက်ညွှန်ုကားရေးမှူးဒေါ်ဆင့်က စေတနာ့ဝန်ထမ်းလက်စွဲပါ ရောဂါတုန့်ပြန်ဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စေတနာ့ဝန်ထမ်းများ၏ တာဝန်နှင့်လုပ်ငန်းလမ်းညွှန်၊ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာကျွမ်းကျင်မှု၊ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း၊ ဦးတည် အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတိုးတိုးဝင်းက စေတနာ့ဝန်ထမ်းဆိုတာ မွန်မြတ်တဲ့ အလုပ်ဆောင်ရွက်သူများဖြစ်ပြီး အခက်အခဲများလဲကြုံတွေ့ နိုင်ကြောင်းကြုံတွေ့ခဲ့ပါက တစ်ဦးနှင့်တစ်ဦး လက်တွဲခေါ်ယူသွားကြဖို့လိုကြောင်း မြို့နယ်အတွက်စေတနာ့ဝန်ထမ်းများရဲ့ အင်အားလိုအပ်ကြောင်း နိဂုံးချုပ်ပြောကြားခဲ့ပါသည်။ စေတနာ့ဝန်ထမ်းသင်တန်းသို့ မအူပင်မြို့ရှိ စေတနာ့ဝန်ထမ်းများသင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာတာဝန်ရှိသူ

ထံမှ သိရသည်။