လှိုင်းဘွဲ့မြို့နယ်တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ

လှိုင်းဘွဲ့   ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် သံဃာတော်များ၊ အသက် (၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်()နာရီအချိန်က လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် သံဃာတော်များ၊ (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း VOLUNTEER များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ အခြေချ(လှိုင်းဘွဲ့)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်တို့က လာရောက်ကြည့်ရှုခဲ့ပြီး လှိုင်းဘွဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို  ဆေးအလုံးရေ(၅၀၀)ဖြင့် လှိုင်းဘွဲ့မြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်းတိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံ၊ ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံနှင့် ရှမ်းရွာသစ်တိုက်နယ်ဆေးရုံတို့တွင် နေရာခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။